အသံ
ပြတင်းပေါက်က လှမ်းအကြည့်သစ်ရွက်လေးတွေနဲ့ လေ စကားတီးတိုးဆိုသံ
ကြားလိုက်မိသလိုပဲ ...
ဘာတွေများပြောနေကြပါလိမ့် ...
အသာ နားစွင့်ထားမိဆဲ
တဖြည်းဖြည်းနဲ့ သစ်ရွက်လေးတွေက
ရှူးရှူးရှဲရှဲဖြစ်လာ ...
လေကလည်း ဒေါသတကြီးနဲ့ တ၀ုန်းဝုန်းဖြစ် ...
နောက်ဆုံးတော့ ...
တိမ်တွေ ကြောက်လန့်တကြားနဲ့ ...
ထွက်ပြေးကုန်ကြတော့တာပါပဲ ...
အဲဒီအချိန်မှာ ...
ခပ်တိုးတိုး အသံတစ်ခုကြားလိုက်မိပါရဲ့ ...
သေချာနားစွင့်လိုက်တော့ ...
လမင်း က တိမ်တွေကို ကြေကွဲစွာ တီးတိုးပြောလိုက်သံ ...
မင်းတို့တွေ ထွက်သွားတော့ နောက်ထပ်တိမ်တိုက်တွေ ...
ငါ့ဆီရောက်မလာခင်အချိန်ထိ ...
ငါ့ရဲ့ အလင်းတုကို လူတွေမြင်နိုင်တာပေါ့ကွာ တဲ့ ...


1 comments:
ကဗျာလေးတွေ ကောင်းလှချည်လား မဟစ်ပိုရေ....း)))...
ခင်မင်တဲ့
နေ၀သန်
Post a Comment