တောင်းဆု
လူတကာကို ပေးနေကျ
ဟန်ဆောင် ဂရုစိုက်မှုတွေကို
ငါ ... ရင်မခုန်ပါရစေနဲ့တော့
အပြုံးအတု ... နှလုံးသားအတု ...
ကတိစကား အတု ...
မင်း ... ကိုယ့်ကို...
အစစ်ဘာတစ်ခုများ ပေးခဲ့ဖူးပါလိမ့်
မျက်နှာပေါ်မှာ ...
အယောင်ဆောင်မိတ်ကပ်တွေ ခပ်ထူထူလိမ်း
အပုပ်နံ့တွေ တလှိုင်လှိုင်ထွက်နေတဲ့
ကပွဲခန်းမထဲက ...တီးတိုးဝေဖန်သံတွေကိုလည်း
ငါ ... မကြားပါရစေနဲ့တော့
ဘ၀မှာ ...
ငါ ... အကြိမ်ကြိမ် မသေဆုံးပါရစေနဲ့
ဘ၀ဆက်တိုင်းမှာ ...
ဖြစ်ခဲ့သမျှ အရာအားလုံးကို မေ့ပျောက်နိုင်စွမ်းရှိတဲ့
နှလုံးသားတစ်ခု ပိုင်ဆိုင်တဲ့သူ
ဖြစ်ခွင့် ရ ရပါလို၏ ...
