ချစ်သူ
ငါဟာ ရှိတာလေးနဲ့
ဝအောင်စားတတ်သူပါ ...
ခွက်ထဲမှာတစ်ဝက်ပဲရှိရင်တောင်မှ
တစ်ဝက်ပြည့်နေပါလားဆိုပြီး
နေတတ်ခဲ့သူပါ ...
မင်းနဲ့တွေ့မှ
လောဘတွေကြီးတတ်ခဲ့မှန်း
မင်းလည်းအသိ ...
အပြည့်မရရင် မလိုချင်တာ ဘာကြောင့်လဲ
နည်းနည်းမှ မစဉ်းစား
တစ်ယောက်တည်းစွဲချက်တင်
တစ်ယောက်တည်း အမိန့်ချ
လုပ်ချင်ရာလုပ် ...
မင်းလုပ်ခဲ့သမျှ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
သည်းခံခွင့်လွှတ်ရင်း ...
မင်းဟာ ကိုယ့်ရဲ့ အမြဲတမ်းချစ်သူ ...


2 comments:
မမ ဒီကဗျာလေးကြိုက်တယ်..ကျနော့်ခံစားချက်နဲ့ လဲတူတယ်..:((
ကဗျာလေးကို လာဖတ်သွားပါတယ်......။
Post a Comment